၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

 



နေပြည်တော် စက်တင်ဘာ ၁၄

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦးတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.