ညောင်ဦးမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးသစ်ဖွင့်ပွဲ ကျင်းပ

 



ညောင်ဦး စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့နယ်ပညာရေးမှူးရုံး RCC နှစ်ထပ်ဆောင် ရုံးသစ်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကုန်းတန်းကြီးကျေးရွာအုပ်စု ညောင်ဦး-ကျောက်ပန်းတောင်း သွား ကားလမ်းမကြီးဘေး  မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ နိုင်ငံတော်ဗဟိုသံယာ့ဝန်ဆောင် လောကနန္ဒာစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယ အရှင်သူမြတ်ဦးဆောင်၍ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် လှူပူဇော်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ရုံးသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ရွှေမိုးငွေမိုး ရွာသွန်းခဲ့ကြောင်း သိရသည်။               

ဒီပါလင်း

No comments

Powered by Blogger.