မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် မော်လမြိုင် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေး

 



မော်လမြိုင် စက်တင်ဘာ ၁၈

မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းအောင်၊ မော်လမြိုင် ခရိုင်တရားသူကြီး ဦးအောင်သိန်းဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးရာ အချုပ်ထောင် တာဝန်ခံအရာရှိက အချုပ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အချုပ်ထောင်အတွင်း အကျဉ်းသား/ အကျဉ်းသူများ၊ အချုပ်သား/အချုပ်သူများ နေထိုင်သည့် အဆောင်များ၊ စားဖိုဆောင်နှင့် ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိ၊ အစားအသောက်များ ကျွေးမွေးရာတွင် အာဟာရ သင့်တင့်မျှတမှု ရှိ၊ မရှိ အခြေအနေများကို  ကြည့်ရှုမေးမြန်းပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.