ရှင်သန်ဖြစ်ထွန်းမှုအားနည်းသည့် အပင်များနေရာတွင် ရတနာတန်းဝင်ကျွန်းပင်များ အစားထိုး စိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များရှင်းလင်း
နေပြည်တော်
စက်တင်ဘာ ၂၀
၂၀၂၄-၂၀၂၅
ခုနှစ်တွင် စိုက်ပျိုးခဲ့သော ရှင်သန်ဖြစ်ထွန်းမှု အားနည်းသည့် အပင်များနေရာတွင် ရတနာတန်းဝင်
ကျွန်းပင်များ အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များရှင်းလင်းခြင်းကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဗဟိုသင်တန်း
ကျောင်းဝင်း၌ကျင်းပရာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန နှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅
ခုနှစ်တွင် စိုက်ပျိုးခဲ့သော ရှင်သန်ဖြစ်ထွန်းမှု အားနည်းသည့် အပင်များနေရာတွင် ရတနာတန်းဝင်ကျွန်းပင်
များကို အစားထိုး စိုက်ပျိုးပေးကြပြီး တက်ရောက်လာသူများက ရတနာတန်းဝင်
ကျွန်းပင်များ အစားထိုး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက်
နေပြည်တော် ဗဟို သင်တန်းကျောင်းဝင်း အတွင်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် မိုးရာသီ
သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် ရတနာတန်းဝင် ကျွန်းပင်၊
နှစ်ရှည်ပန်းအလှပင်နှင့် နှစ်ရှည် သီးပင်စားပင်များ ဆက်လက်ရှင်သန်
ဖွံ့ဖြိုးကြီးထွား အောင် ပေါင်းမြက်များရှင်းလင်း ခြင်း၊ မြေဆွခြင်းနှင့် မြေတောင်
မြှောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ စပါးစိုက်ခင်းများ၊
ရာသီ သီးနှံများ ဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ငရုတ်၊ ဘူး၊ ဖရုံ၊ နံနံ၊ မုန်ညင်း၊ ပဲစင်းငုံနှင့်
နှစ်ရှည်သီးနှံများဖြစ် သည့် ဒန့်သလွန်၊ ဂွေးတောက်၊ ကင်ပွန်းချဉ်၊ ငှက်ပျော၊ သရက်၊
မာလကာ၊ နဂါးမောက်၊ နာနတ် စသည့် သီးပင်စားပင်များ ရှင်သန် ဖြစ်ထွန်း
အောင်မြင်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု ကြသည်။
လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဝန်ကြီးဌာန အောက်ရှိ
စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊
မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မ ဓာတ်အားခွဲရုံများ၊ တည်ဆောက်ရေး
ညွှန်ကြားရေးမှူးရုံးများ၊ ဓာတ်အားပေးစက်ရုံများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးများတွင်လည်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင်
စိုက်ပျိုးခဲ့သော အပင်များအနက် ရှင်သန်ဖြစ်ထွန်း မှုအားနည်းသည့် အပင်များနေရာ တွင်
အစားထိုးစိုက်ပျိုးပွဲနှင့် ပေါင်းမြက်များ ရှင်းလင်းပွဲများကို တစ်ပြိုင်တည်း
ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments