သထုံမြို့ ၌ လူငယ်စကားဝိုင်း ကျင်းပ
သထုံ စက်တင်ဘာ ၂၁
မွန်ပြည်နယ် သထုံမြို့နယ်၌ ခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို
စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း
ဉာဏ်ဝေယံခန်းမ၌ ကျင်းပသည်။
စကားဝိုင်းတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသားကျောင်းသူလေးဦးတို့က လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊
လူငယ်နှင့်ရည်မှန်းချက်၊ မိမိအနှစ် သက်ဆုံးစာအုပ်တစ်အုပ်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အထက(၄)သထုံ ကျောင်းအုပ်ဆရာမကြီးနှင့်
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
သိမှတ်ဖွယ်ရာ နံရံကပ် စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့
တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments