ဂျီအီးစီ(ပညာရေး)သမဝါယမအသင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ထူးချွန်ဂုဏ်ပြုပွဲ ကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်
ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ
အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက် မေတ္တာလမ်းရှိ မြို့နယ်သမဝါယမအသင်းစုခန်းမ၌
ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တောင်ဥက္ကလာပမြို့နယ်
ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ဥက္ကဋ္ဌ ဦးခင်ညိုဦးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး
အသင်း၏လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းဥက္ကဋ္ဌက အသင်းသားများအား
အကျိုးအမြတ်ခွဲဝေ ငွေကျပ် သိန်း ၄၁၀ ဒသမ ၂၀ အားပေးအပ်ခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန
ဦးစီးအရာရှိ ဦးခင်ဇော်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်အောင်မြင်သော
အသင်းသားများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)
No comments