ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

 



ကွမ်းခြံကုန်း စက်တင်ဘာ ၁၇

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို စက်တင်ဘာ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် အထက(၁) သီရိရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲတင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးတို့က အမှာစကား ပြောကြာပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးစံရွှေ (တင်မောင်ထက်) ကွမ်းခြံကုန်းက စာဖတ်ပါ၊ စာသင်ကြပါ ခေါင်းစဉ်ဖြင့် ဟောပြောပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။   

ဆွေနွယ်(ပြန်/ဆက်)

No comments

Powered by Blogger.