၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
ရမည်းသင်း စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့်သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရမည်းသင်းမြို့ သီလဝါခန်းမ၌ ကျင်းပသည်။
ဦးစွာ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများက လေးဘာသာနှင့် သုံးဘာသာ ဂုဏ်ထူးရရှိသူများ အားလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ရွှေသိမ်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက နှစ်ဘာသာနှင့် တစ်ဘာသာ ဂုဏ်ထူးရရှိသူများအား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ရမည်းသင်း မြို့နယ်၌ လေးဘာသာဂုဏ်ထူးရရှိသူ ၁၄ ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ ၇၀၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၁၄၀၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ၁၆၇ ဦး စုစုပေါင်း ၃၉၁ ဦး ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments