မောက်မယ်မြို့၏ အထင်ကရရှုခင်းဖြစ်သည့် မောက်မယ်ဗျူးပွိုင့် ဖွင့်လှစ်



မောက်မယ် စက်တင်ဘာ ၁၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု ကျောင်းခမ်းကျေးရွာအနီး၌ ရှမ်းပြည်နယ်အစိုးရ၏ Clean & Green လုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သော မောက်မယ်မြို့၏ ဂုဏ်ကျက် သရေဆောင် အထင်ကရမြို့ရှုခင်းဖြစ်သည့် မောက်မယ်ဗျူးပွိုင့် (MAWK MAI VIEW POINT) ကို စက်တင်ဘာ ၁၁ ရက်က ဖွင့်လှစ်လိုက်ရာ ဒေသခံတိုင်းရင်းသားများအတွက် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာသည်။

 

အဆိုပါ မောက်မယ်ဗျူးပွိုင့်ဖွင့်ပွဲတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ရှမ်းတေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြကာ ဒေသခံများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးစိုင်းဆိုင်ဟန်နှင့် ဦးစိုင်းထွန်း ထွန်းတို့ကအဆိုပါ MAWK MAI VIEW POINT ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)

No comments

Powered by Blogger.