မိုးညိုမြို့နယ်၌ ဆောင်းနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု
မိုးညို နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် သာယာကုန်းကျေးရွာ
အုပ်စုအတွင်းရှိ ဆောင်းနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးမှုကို
တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါကွင်းဆင်းကြည့်ရှုရာတွင်
မြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဆီထွက် သီးနှံအထူးဇုန်(၂)တာဝန်ခံ
ဒေါ်ညိုညိုသိမ်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦး နှင့်ဝန်ထမ်းများက တောင်ဇင်းကျေးရွာမှ
တောင်သူဦးကိုဝင်းနှင့် ဦးမိုးမြင့်ဦးတို့၏ ဆောင်းနှမ်းခြောက်ဧကကို ပေါင်တင်၊
စိုက်ကြောင်းဆွဲ၊ မျိုးစေ့ချ၊ ကြမ်းအုပ်ခြင်းတို့ကို တစ်ပါတည်းဆောင်ရွက်နိုင်သော ကိရိယာအသုံးပြု၍ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး၍
တောင်သူများအနေဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အပြည့်အဝသုံးစွဲနိုင်ရေး၊
ဖြည့်စွက်ရေပေးသွင်းနိုင်ရေးတို့အတွက် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း
မိုးညိုမြို့နယ်အတွင်း ယခုနှစ်တွင် ဆောင်းနှမ်းလျာထား ဧက ၂၁၈၀ ကို
အပြည့်အဝစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)

No comments