ကော့မှူးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ



ကော့မှူး နိုဝင်ဘာ ‌၂၉

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အဖျောက်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၇၇)၊ ဦးပိုင်အမှတ် (၁/၁) ဧရိယာငါးဧကတွင် တောင်သူဦးစန်း‌လွင်၏ မိုးစပါးရာသီတွင် စိုက်ပျိုးခဲ့သော ထွန်းပုမျိုးစပါး စံကွက်ရိတ်သိမ်းပွဲနှင့် နွေစပါးအပါအဝင်ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်နှင့် စပါးမျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက အဖျောက်ကျေးရွာ၌ ကျင်းပသည်။

 

ဦးစွာတွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမောင်မောင်၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များက နွေစပါးအပါအဝင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်၊ စပါးမျိုးစေ့ချ ကိရိယာနှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်သည်။

 

ထို့နောက် ရိတ်သိမ်းပွဲကို ကျင်းပရာ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ပြီး ရိတ်သိမ်းရရှိသည့် စပါးအထွက်နှုန်းမှာ အစိုအထွက်နှုန်း ၉၈ ဒသမ ၀၄ တင်း၊ အခြောက်အထွက်နှုန်း ၈၁ ဒသမ ၀၄ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.