မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်
မိတ္ထီလာ နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်
မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၈ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
မဲစာရင်းတွင် ပါသင့်သူများ မကျန်ရှိစေရေး အသက် ၁၈ နှစ်ပြည့်နှင့်အထက်
စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် မြို့နယ်အတွင်းရှိ
ရပ်ကွက်/ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ
ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များက
တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာများတွင်
တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်တစ်ရပ်လုံး
ပြီးမြောက်အောင်မြင်စေရေး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments