မရမ်းကုန်းခရိုင် ပညာရေးမှူးရုံး၌ အာဟာရထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

 


ရန်ကုန် နိုဝင်ဘာ ၂၃

 

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းကျန်းမာရေး အာဟာရထောက်ပံ့ငွေပေးအပ်ပွဲကို နိုဝင်ဘာ ၂၁ ရက် မွန်လွဲပိုင်းတွင် မရမ်းကုန်းခရိုင် ပညာရေးမှူးရုံး၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက ကျောင်းကျန်းမာရေး အာဟာရထောက်ပံ့ငွေပေးအပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က ကျောင်းကျန်းမာရေး အာဟာရထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကို မရမ်းကုန်းမြို့နယ် ပညာရေးမှူး တာဝန်ခံ ဦးရဲရင့်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.