ရေစကြိုမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်ကုသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
ရေစကြို နိုဝင်ဘာ ၂၃
ရေစကြိုမြို့ သုခဝတီရပ်ကွက် အမှတ်(၁၆၇)
မူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းနှင့်
အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
အဆိုပါကျောင်းမှ ကျောင်းသား ကျောင်းသူ
၁၂၄ ဦးတို့အား မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ယုယုထွေးက
ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးခဲ့ပြီး အအေးမိ၊ နှာစေး၊ ချောင်းဆိုး ရောဂါကာကွယ်ရန်နည်းလမ်းများအကြောင်းကို
အသိပညာပေးဟောပြောခဲ့ရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၇၈ ဦး တက်ရောက်ခဲ့ကြောင်း
သိရသည်။
ဝေဇင်မို့(ရေစကြို)

No comments