အဲဘတ်စ်က ကမ္ဘာလုံးဆိုင်ရာ ဆော့ဝဲလ်အဆင့်မြှင့်တင်ရန် ညွှန်ကြားပြီးနောက် ဖိလစ်ပိုင်နိုင်ငံ၌ လေယာဉ်ခရီးစဉ် ၈၂ ခု ပယ်ဖျက်
မနီလာ
နိုဝင်ဘာ ၂၉
ဥရောပလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ
အဲဘတ်စ် (Airbus)
က A320 နှင့် A321 လေယာဉ်သည်
ဆော့ဝဲလ်ချက်ချင်းအဆင့်မြှင့်တင်ရန် လိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာနည်းပညာ အကြံပေးချက်များ
ထုတ်ပြန်ပြီးနောက် နိုဝင်ဘာ ၂၉ ရက်တွင် ဖိလစ်ပိုင်လေကြောင်းလိုင်းက လေယာဉ်ခရီးစဉ် ၈၂
ခုထက်မနည်းကို ပယ်ဖျက်ခဲ့ကြောင်း ယာယီသယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဂျီဟိုဗန်နီလော့ပက်ဇ်က
ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၌
အဲဘတ်စ်၏ သတိပေးချက်လက်ခံရရှိပြီးနောက် ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်က
သက်ရောက်မှုရှိသည့် ဖိလစ်ပိုင်လေကြောင်းလိုင်း သုံးခုမှာ လေယာဉ်လည်ပတ်မှုများကို
ချက်ချင်း ရပ်တန့်ခဲ့ကြောင်း လော့ပက်ဇ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကြောင့်
ဖိလစ်ပိုင်နိုင်ငံ၌ နိုင်ငံတကာခရီးစဉ်ခြောက်ခုနှင့် ပြည်တွင်းခရီးစဉ်ငါးခု နှောင့်နှေးမှုဖြစ်ပေါ်ခြင်း
အပါအဝင် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းအထိ လေယာဉ် ၉၃ စင်းကို
ထိခိုက်မှုရှိကြောင်း ဖိလစ်ပိုင်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ (စီအေအေပီ) က
ပြောကြားသည်။
လေယာဉ်အများအပြားမှာ
နိုဝင်ဘာ ၂၉ ရက် မွန်းတည့်ချိန်အထိ အဆင့်မြှင့်တင်မှုများ ပြီးစီးပြီဖြစ်ပြီး လေယာဉ်အားလုံးမှာ
နိုဝင်ဘာ ၃၀ ရက်တွင် အဆင့်မြှင့်တင်မှုအားလုံး ပြီးဆုံးရန် အာဏာပိုင်များက
ခန့်မှန်းထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ

No comments