ထန်းတပင်မြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲနှင့် ပဲတီစိမ်း ဧက ၆၀၀၀၀ ကျော်နှင့် ဆီထွက်သီးနှံစုံ ဧက ၁၆၀၀၀ ကျော် စိုက်ပျိုးပြီးစီး
ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ ပြည်တွင်းစားရေ ရိက္ခာဖူလုံပြည့်စုံစေရန်အတွက်
၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မတ်ပဲနှင့်ပဲတီစိမ်း ၆၀၀၆၄ ဧက၊
ဆီထွက်သီးနှံစုံ ၁၆၀၈၄ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ
သိရသည်။
ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်
မတ်ပဲ ၄၁၇၂၉ ဧက၊ ပဲတီစိမ်း ၁၈၃၃၅ ဧက စုစုပေါင်း ၆၀၀၆၄ ဧက
စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ဆီထွက်သီးနှံများဖြစ်သည့် မြေပဲဧက ၁၁၀၀၀၊ နှမ်း ဧက
၁၅၇၀၊ နေကြာ ၃၅၁၄ ဧကနှင့် ပန်းနှမ်း ၃၁ ဧက စုစုပေါင်း ၁၆၁၁၅ ဧက
စိုက်ပျိုးပြီးဖြစ်၍ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့်
ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေး စိုက်ပျိုးရေးဆိုင်ရာ
အသိပညာပေးလုပ်ငန်းများ၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်
ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့်
သီးနှံများ ပိုးမွှားရောဂါကျရောက်မှုကာကွယ်ရေး စသည့်တောင်သူပညာပေး လုပ်ငန်းများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်
တာဝန်ခံကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်အောင်(ပြန်/ဆက်)

No comments