သီရိလင်္ကာ၌ ဆိုင်ကလုန်းမုန်တိုင်းဒစ်ဝါကြောင့် သေဆုံးသူ ၁၂၃ ဦးရှိလာ
ကိုလံဘို
နိုဝင်ဘာ ၂၉
သီရိလင်္ကာနိုင်ငံ၌
လွန်ခဲ့သည့်ရက်များအတွင်း တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါ (Ditwah) ကြောင့် သေဆုံးသူ ၁၂၃ ဦးအထိ မြင့်တက်လာပြီး ၁၃၀ ပျောက်ဆုံးနေကြောင်း သီရိလင်္ကာ
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ (ဒီအမ်စီ) က နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။
သီရိလင်္ကာနိုင်ငံ
အလယ်ပိုင်းပြည်နယ် ကန်ဒီခရိုင်၌ သေဆုံးသူ ၅၁ ဦးနှင့် ပျောက်ဆုံးသူ ၆၇ ဦး
ရှိသည့်အတွက် မုန်တိုင်းဒဏ်အသင့်ဆုံး ခရိုင်အဖြစ် အစီရင်ခံဖော်ပြထားသည်။
လတ်တလောတွင် မုန်တိုင်းဒစ်ဝါကြောင့် မိသားစု ၁၀၂၈၇၇ စုမှ လူပေါင်း ၃၇၃၄၂၈ ဦး
ဘေးသင့်မှုဖြစ်ပွားပြီး ခရိုင်အများအပြားမှာ လူပေါင်းထောင်နှင့်ချီ
ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း ဒီအမ်စီက ပြောသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ
လူပေါင်း ၄၃၉၂၅ ဦးကို ဘေးကင်းလုံခြုံရေးစင်တာ ၄၈၈ ခုသို့
ရွှေ့ပြောင်းပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုများက
မြစ်ရေမျက်နှာပြင်များ ပိုမိုမြင့်တက်စေပြီး မြစ်အများအပြားတွင် ရေကြီးရေလျှံမှုအန္တရာယ်
တိုးလာနေ ကြောင်း ဆည်မြောင်းဦးစီးဌာနက သတိပေးထား သည်။
အခြားသတင်းတစ်ရပ်တွင်
သမ္မတအနုရာကုမာရာ ဒစ်စနာယာကေက သီရိလင်္ကာနိုင်ငံ၌ ရာသီဥတုနှင့်ဆက်စပ်သော
ဘေးအန္တရာယ်ကို အဆိုးရွားဆုံးရင်ဆိုင်နေရသောကြောင့် နိုဝင်ဘာ ၂၈ ရက်မှ စတင်အသက်ဝင်ကာ
အများပြည်သူဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားသည်။
ဆင်ဟွာ

No comments