မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြီး ခြေစမ်းပွဲကစားမည်



ရန်ကုန် နိုဝင်ဘာ ၂၉

 

(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ကစားသမား ၁၆ ဦး ခေါ်ဆောင်သွားမည်ဖြစ်ပြီး ခြေစမ်းပွဲ နှစ်ပွဲကစားပြီးမှ ဆီးဂိမ်း ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၁၄ ဦး ရွေးချယ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်ထားကာ အောက်တိုဘာလကလည်း ထိုင်းနိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး ထိုင်းလက်ရွေးစင်အသင်း အပါအဝင် ခြေစမ်းပွဲလေးပွဲယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ပရာဆတ်က ကိုင်တွယ်နေသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းတွင် နည်းပြချုပ်-ပီရာဆတ် (ထိုင်း)၊ အားကစားသမားများအဖြစ် ဂိုးသမား-ချောစန္ဒီအောင်၊ သိမ့်စန္ဒာစိုး၊ လူဂျာ၊ ကစားသမား-ယမင်းလွင်၊ ယွန်းမီမီလွင်၊ ဆုဝါလွင်၊ ဖူးပွင့်ခိုင်၊ ယမင်းသန့်ဇင်၊ ဝတ်ရည်လွင်၊ မေသိင်္ဂါကြွယ်၊ မေဇင်ဦး၊ ဇင်ငြိမ်းချစ်၊ ဝေဖူးအိမ်၊ အိအိကျော်၊ နန်းဆိုင်ဘရင်း၊ နှင်းစန္ဒာလှိုင်တို့ ပါဝင်ကြသည်။

 

သတင်း - မောင်စံကြီး၊ ဓာတ်ပုံ - MFF

No comments

Powered by Blogger.