ကန့်ဘလူမြို့နယ်၌ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ကန့်ဘလူ အောက်တိုဘာ
၃၁ 
စစ်ကိုင်းတိုင်းဒေသကြီး
ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်
တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းဂျင်းခင်း
ခြင်းလုပ်ငန်းအား ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး
ဦးစိုးခိုင်နှင့် တာဝန်ရှိသူများ ယမန်နေ့က သွားရောက်စစ်ဆေးသည်။
ညှိနှိုင်းဆောင်ရွက်
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်
လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး
ကျေးရွာလမ်း ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်း လိုအပ်ချက်များအပေါ်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မင်းကုန်းကျေးရွာ၌
လမ်းဂျင်းကျောက်ခင်းခြင်း လုပ်ငန်းအား တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၆၀ ဒသမ ၆၇ သန်းဖြင့်
အောက်တိုဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း
ဆောင်ရွက်ပြီးဖြစ်ပြီး တင်ကုတ်ကြီးကျေးရွာ၌ လမ်းဂျင်းကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆
ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၁၆၇ ဒသမ ၅၁ သန်းဖြင့် အောက်တိုဘာလ တတိယအပတ်က
စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၂၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး
ဖြစ်ကြောင်း သိရသည်။ 
ဖြိုးကျော်(ပုံတောင်မြေ)
No comments