အိမ်မဲမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း
အိမ်မဲ အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး
အိမ်မဲမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်
ဆောင်ရွက်သော ဘုရားကြီးကုန်းကျေးရွာ ထွန်းရွှေဝါကြီးအသင်းမှ တောင်သူဦးထွန်းထွန်း၏
လယ်မြေငါးဧကတွင် မိုးစပါးအထွက်တိုး GW-11 စပါးမျိုး
စံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။
အိမ်မဲမြို့နယ်အတွင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်
ဆောင်ရွက်ထားသည့် အသင်းလေးသင်း၊ အသင်းသား တောင်သူ ၁၄၂ ဦး၏ မိုးစပါးသီးနှံ
စိုက်ပျိုးဧက ၁၂၀၀ အနက် ဘုရားကြီးကုန်းကျေးရွာမှ ထွန်းရွှေဝါကြီး
စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ တောင်သူ
ဦးထွန်းထွန်း၏ လယ်မြေ ငါးဧကတွင် GW-11 စပါးမျိုး စံကွက်ရိတ်သိမ်းရာ တစ်ဧကအစိုအထွက်
တင်း ၁၁၀၊ အခြောက်တင်း ၁၀၀ ထွက်ရှိကြောင်းနှင့် အဆိုပါစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်
သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းနှင့် ဝန်ထမ်းများ၊
မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 
အိမ်မဲ(ပြန်/ဆက်)
No comments