တံတားဦးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာ
တံတားဦး နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌
မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာမှုကို ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ရပ်ကွက်
/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားခြင်းကို
နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင်
မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းမှုရှိပါက ပုံစံ(၄-ဂ)ဖြင့်
ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရုံးတွင်
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊
မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် တာဝန်ရှိသူများက သွားရောက်
ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments