တွံတေးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တွံတေး နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်၊ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ)နှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၄ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ နေပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ ပိုမိုမြင့်မား လာမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)

No comments