မင်းတုန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
မင်းတုန်း နိုဝင်ဘာ
၂၁
မကွေးတိုင်းဒေသကြီး
မင်းတုန်းမြို့နယ် မင်းရွာကိုင်းကျေးရွာအုပ်စု တောင်သူ ဦးဇော်ဌေးဦး၏ လယ်မြေတွင် မိုးစပါး ၁ ဒသမ ၁၈ ဧက စိုက်ခင်းကို
ယနေ့နံနက် ၈ နာရီခွဲက သုည ဒသမ ၁၀ ဧက
စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရာ တစ်ဧကလျှင် စပါးအစို တင်း
၁၁၀ ထွက်ရှိသည်။
တက်ရောက်
ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးစိုးလင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကိုနှင့် တာဝန်ရှိသူများ၊
တောင်သူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ မိုးစပါးစိုက်ခင်း သည်စတင်စိုက်ပျိုးချိန်မှ
ရိတ်သိမ်းချိန်အထိ လိုအပ်သော မျိုး၊ မြေ၊ ရေ၊ နည်း တို့အား
စိုက်ပျိုးရေးဦးစီးဌာနမှ အချိန်ကိုက်မှန်ကန်စွာ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ချင်းကလေး(NRDC)

No comments