အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်းလူငယ်တို့၏ အခန်းကဏ္ဍ လူငယ်စကားဝိုင်းကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၄

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်းလူငယ်တို့၏ အခန်းကဏ္ဍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင်က ကျောင်းသားလူငယ်များ ဦးဆောင်ပါဝင်သည့် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများရရှိစေခြင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာ၌ ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍ ပါဝင်လာစေခြင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိရန် ရည်ရွယ်ပါကြောင်း၊ လူငယ်များအနေဖြင့် အမှား၊ အမှန် ခွဲခြားသိမြင်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိစွာ ပြုမူဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်းလူငယ် တို့၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြီး စိုးစံကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်သည့် ကျောင်းသား ကျောင်းသူများက ဖြေကြားကြသည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့ဝင်က စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း CEOထံ ကော်မရှင် အမှတ်တံဆိပ်ပါ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး CEO က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.