ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ
ရန်ကုန် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌
ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျောင်းသူများ၏ ဘင်ခရာ တီးဝိုင်းနှင့်
ပန်းဖွားအကတို့ဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများ
ပေးအပ်သည်။
ထို့နောက် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး
အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် ကျောင်းသား
ကျောင်းသူများ၏ စာစီစာကုံး၊ ကျပန်း၊ စာဖတ်စွမ်းရည်၊ စိတ်ကြိုက်ပန်းချီ၊ ဉာဏ်စမ်းပဟေဠိ၊
ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်း ယှဉ်ပြိုင်နေမှုကို
ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပါဝင်ဆွေးနွေးသူများအား
ဂုဏ်ပြုလက်ဆောင်နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက်” စာကြည့်တိုက် သီချင်းဖြင့်
သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအတွက် လှူဒါန်းငွေများကို တိုင်းဒေသကြီးဝန်ကြီးများက
လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက “လှသောပန်းများ ပွင့်စေသား”၊ “သွေးချင်း
တို့မြေ” နှင့် “မင်္ဂလာပါ” သီချင်း တို့ဖြင့် ကပြဖျော်ဖြေကြပြီး စာရေးဆရာ လင်းသိုက်ညွန့်
(မြန်မာ့မြေ)က စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဟောပြော၍
ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments