ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ရုရှားနိုင်ငံ လူထုကာကွယ်ရေး၊ အရေးပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဝန်ကြီးဌာန (EMERCOM) က ချီးမြှင့်သည့် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်

 


နေပြည်တော် နိုဝင်ဘာ ၂၄

 

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ရုရှားနိုင်ငံ လူထုကာကွယ်ရေး၊ အရေးပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဝန်ကြီးဌာန (EMERCOM) က ချီးမြှင့်သည့် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ဂုဏ်ပြု အမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။

 

ယင်းနောက် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူများကိုယ်စား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.