အီသီယိုးပီးယားနိုင်ငံ၌ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးလုပ်ငန်း ပြိုလဲလုနီးအခြေအနေသို့ ရောက်လာဟုဆို
အဒစ္စအဘာဘာ ဒီဇင်ဘာ
၂၀
အီသီယိုးပီးယား
ဒုက္ခသည်များနှင့် နေရပ်ပြန်သူများ စောင့်ရှောက်ရေးအဖွဲ့ (ပီအာရ်အက်စ်)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး (ယူအင်န်အိတ်ချ်စီအာ) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်
(ဒဗလျူအက်ဖ်ပီ) တို့သည် အီသီယိုးပီးယားနိုင်ငံ၏ ဒုက္ခသည်များ ကူညီစောင့်ရှောက်
ရေးလုပ်ငန်း ပြိုလဲလုနီးအခြေအနေသို့ ရောက်ရှိနေသောကြောင့် နိုင်ငံအတွင်းရှိ
ဒုက္ခသည်များကို ပိုမိုထောက်ပံ့ပေးကြရန် တောင်း ဆိုထားသည်။
လိုအပ်နေသော
ရန်ပုံငွေများ အမြန်ဆုံးထောက်ပံ့ပေးနိုင်ခြင်းမရှိပါက အီသီယိုးပီးယားနိုင်ငံရှိ
ဒုက္ခသည် ၁ ဒသမ ၁ သန်းကျော်အတွက် အစားအစာ၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု
အပါအဝင် မရှိမဖြစ်လိုအပ်သော အသက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များမှာ သီတင်းပတ် အနည်းငယ်အတွင်း
ရပ်တန့်သွားဖွယ်ရှိကြောင်း အေဂျင်စီများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အာဖရိကတွင်
ဒုက္ခသည်များ ဒုတိယအများဆုံး လက်ခံထားသော အီသီယိုးပီးယားနိုင်ငံတွင် ဆူဒန်နှင့်
တောင်ဆူဒန်နိုင်ငံတို့၌ ပဋိပက္ခဖြစ်ပွားမှုများအပြင် ဆိုမာလီယာနိုင်ငံ၌
မိုးခေါင်ရေရှားမှုများကြောင့် ဒုက္ခသည်များ ရောက်ရှိလာမှု တစ်ဟုန်ထိုး
တိုးမြင့်လာလျက်ရှိသည်။
ဆင်ဟွာ
No comments