(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရရှိသူများ၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့များ၊ ဒုတိယအုပ်ချုပ်မှု အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ ပြန်လည်ရောက်ရှိ



ရန်ကုန် ဒီဇင်ဘာ ၂၀

 

၂၀၂၅ ခုနှစ်  ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လှေလှော် အားကစားနည်းမှ Rowing ပြိုင်ပွဲ အမျိုးသား တစ်ယောက်လှော် ပင်လယ်ကမ်းခြေ ကမ်းရိုးတန်း လှေလှော်  Beach Spring ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသော ဝေယံမိုး၊ အမျိုးသမီး ကိုယ်အလေးချိန်ပေါ့ တစ်ယောက်လှော် LW1X ပြိုင်ပွဲ တွင် ကြေးတံဆိပ်ဆု ရရှိသော နီလာဝင်း၊ အမျိုးသား(၁၀)တက်လှော် မီတာ ၂၀၀ ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးပေါင်းစပ် (၂၀)တက်လှော် မီတာ ၂၀၀ ပြိုင်ပွဲ၊ အမျိုးသမီး (၁၀)တက်လှော် မီတာ ၅၀၀ပြိုင်ပွဲ၊ အမျိုးသား(၁၀)တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆု လေးဆုရရှိခဲ့သော နဂါးလှေအားကစားအဖွဲ့၊ လက်ဝှေ့ အားကစားနည်းမှ Women's Fly 50kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော မြမိုးသူ၊ Women's Bantam 54kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ထားထားနွယ်၊ Women's Feather 57kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ဆုမြတ်နိုး၊ Women's Welter 66kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ကေသွယ်ငြိမ်း၊ Men's Light60kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော နုတ်မာရ်တို့နှင့်အတူ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့ဝင်များသည် ယနေ့တွင်အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြသည်။

 

အဆိုပါ အားကစားအဖွဲ့နှင့်အတူ မြန်မာအားကစားအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်သော အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များလည်း ပြန်လည်လိုက်ပါလာကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.