(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲပြီးဆုံးခဲ့ပြီး မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၉ ခု ဆွတ်ခူးရရှိ
ရန်ကုန် ဒီဇင်ဘာ ၂၀
ထိုင်းနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး
မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၉ ခု ဆွတ်ခူးရရှိခဲ့သည်။
(၃၃) ကြိမ်မြောက်
ထိုင်းဆီးဂိမ်း ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး အားကစားနည်း
အချို့ကိုမူ ဒီဇင်ဘာ ၃ ရက်ကတည်းက စတင်ကျင်းပခဲ့သည်။ ယခုပြိုင်ပွဲတွင် ရွှေတံဆိပ်
စုစုပေါင်း ၅၇၆ ခု ချီးမြှင့်ခဲ့ပြီး အိမ်ရှင်ထိုင်းနိုင်ငံက ရွှေတံဆိပ် ၂၃၃ ခု၊
ငွေတံဆိပ် ၁၅၄ ခု၊ ကြေးတံဆိပ် ၁၁၂ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရရှိခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် အားကစားနည်း ၃၈ ခုဖြင့်
ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုတံဆိပ်စုစုပေါင်း ၇၃ ခုရရှိခဲ့ပြီး ရွှေတံဆိပ်ဆုများကို ခြင်းလုံးနှင့်
ဘိလိယက် အားကစားနည်းတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့အတွက်
ဆုတံဆိပ် များကို ခြင်းလုံးအသင်းက ရွှေတံဆိပ်နှစ်ခု၊ ဘိလိယက်နှင့် စနူကာအဖွဲ့က
ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု၊ လှေလှော်အဖွဲ့က ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခုနစ်ခု၊
(ကနူး/ကယက်)တွင် ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု၊ အပြည်ပြည်ဆိုင်ရာလှေတွင်
ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ နဂါးလှေတွင် ကြေးတံဆိပ်ငါးခု၊
ပိုက်ကျော်ခြင်းအသင်းက ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်လေးခု၊ ဝူရှူးအဖွဲ့က ငွေတံဆိပ်သုံးခု၊
ကြေးတံဆိပ်နှစ်ခု၊ Teqball အဖွဲ့က ငွေတံဆိပ်နှစ်ခု၊
ကြေးတံဆိပ် နှစ်ခု၊ ကစ်ဘောင်ဆင်အဖွဲ့ က ငွေတံဆိပ်နှစ်ခု၊ ပြေးခုန်ပစ်အဖွဲ့က
ငွေတံဆိပ်နှစ်ခု၊ တိုက်ကွမ်ဒိုအဖွဲ့က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်ငါးခု၊ ဂျူဒိုအဖွဲ့က ငွေတံဆိပ်
တစ်ခု၊ ကြေးတံဆိပ်သုံးခု၊ ကရာတေးအဖွဲ့က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ပီတန်းအဖွဲ့
က ငွေတံဆိပ်တစ်ခု၊ မွေအဖွဲ့က ကြေးတံဆိပ်ကိုးခု၊ လက်ဝှေ့အဖွဲ့က ကြေးတံဆိပ် ငါးခု၊
နပန်းအဖွဲ့က ကြေးတံဆိပ် သုံးခု၊ ရွက်လှေအဖွဲ့က ကြေးတံဆိပ် နှစ်ခု၊ စစ်တုရင်၊
မြင်းစီးနှင့် အလေးမအဖွဲ့က ကြေး တံဆိပ် တစ်ခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာအားကစားအဖွဲ့
အနေဖြင့် အားကစားနည်း ၁၉ မျိုးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး
နိုင်ငံအလိုက်ဆုရရှိမှု အဆင့် ၇ နေရာတွင် ရပ်တည်ခဲ့သည်။
ကိုညီလေး
No comments