ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက်မွန်(န)ဝါဟူစိန်အား လက်ခံတွေ့ဆုံ

 



နေပြည်တော် ဒီဇင်ဘာ ၂


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒေါက်တာမိုဟာမက်မွန်(န)ဝါဟူစိန်အား ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပန်းဝါဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်

No comments

Powered by Blogger.