ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ မီတာဖတ်ရှုနေမှုများ ကွင်းဆင်းကြပ်မတ်စစ်ဆေး
ရန်ကုန် ဒီဇင်ဘာ ၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဦးအောင်ကျော်ဦးသည် ရုံးချုပ်၊ ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက
လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ နိုဝင်ဘာလအတွက် မီတာဖတ်ရှုနေမှု
အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်ရုံးသို့
ရောက်ရှိစဉ် ဓာတ်အားပျောက်ဆုံးမှု အခြေအနေများ၊ ဓာတ်အားခကြွေးကျန် အခြေအနေများ၊ မီတာဖတ်ရှုနေမှုအခြေအနေများနှင့်
ဖီဒါအလိုက် ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မီတာများ ဖတ်ရှုရာတွင်
ပိုဖတ်/လိုဖတ်မဖြစ်စေရေး၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် ဓာတ်အားခများ ပြည့်ဝစွာ ကောက်ခံရရှိရေး
တာဝန်ရှိသူ အဆင့်ဆင့်တို့က စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားသည်။
ထို့နောက် လှိုင်မြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှု
လျော့နည်းကျဆင်းရေးအတွက် ခရိုင်စုဖွဲ့ စီမံချက်ဖြင့် စီးပွားရေးလုပ်ငန်းသုံး
Analog Power Meter များကို အဆင့်မြင့် Digital Power Meterများဖြင့် အစားထိုး လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်း
ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)

No comments