(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂
(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်
မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး
သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီ
ဥက္ကဋ္ဌ ဒေါက်တာသက်ခိုင်ဝင်း၊ ဆပ်ကော်မတီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကူညီဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက
(၂၄)ကြိမ်မြောက်ကျင်းပမည့် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့်
ရောဂါရှာဖွေကုသနည်းစနစ်များ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရန်၊ ပြည်သူလူထုအနေဖြင့်
ပတ်ဝန်းကျင်ရှိအပင်များနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၏ ဆေးဖက်ဝင်ပုံကို သိရှိနိုင်စေရန်၊
တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်
ဆောင်ရွက်နိုင်ရန်၊ ရိုးရာတိုင်းရင်းဆေးပညာနည်းစနစ်များ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ရန်
ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်
အားလုံးဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ရှေးဘိုးဘွားစဉ်ဆက်
နှစ်ပေါင်းများစွာကတည်းက ရိုးရာအမွေအနှစ်ဖြစ်သည့်
မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးကို
ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲများမှ ကြိုးပမ်းဆောင်ရွက်သွားရန် စီစဉ်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊
လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့ သက်ဆိုင်ရာအခန်းကဏ္ဍများတွင်
လစ်ဟာမှုမရှိအောင် အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက နှီးနှောဖလှယ်ပွဲကြီးအောင်မြင် ခမ်းနားစွာ
ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်
အခြေအနေနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ယခုနှစ်ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ
ကျင်းပပြုလုပ်သွားမည့် အသေးစိတ် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက
(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ
ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဦးစီးကော်မတီဥက္ကဋ္ဌက
တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို
ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments