သံဖြူဇရပ်မြို့နယ်၌ မူလတန်းကြိုကျောင်းများ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
သံဖြူဇရပ် ဒီဇင်ဘာ ၄
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင်
မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက
ကြီးမှူးကျင်းပသော ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သံဖြူဇရပ်မြို့
အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ပန်းခြံဝင်းအတွင်း ကျင်းပသည်။
ဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ
ဒေါ်ဝင်းဝင်းမာက အမှာစကား ပြောကြားပြီး ပြိုင်ပွဲကျင်းပရာ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
မူလတန်း ကြိုကျောင်း ၁၀ ကျောင်းမှ ဆေးရောင်ခြယ်ပန်းချီ ပြိုင်ပွဲဝင် ၁၀ ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲဝင်
၁၀ ဦး၊ ပုံပြင်ပြောပြိုင်ပွဲဝင် ၁၀ ဦး၊ အဖွဲ့လိုက် သီချင်းဆိုပြိုင်ပွဲဝင် ၆၀ စုစုပေါင်း
ပြိုင်ပွဲဝင် ရင်သွေးငယ် ၉၀ တို့က ပါဝင်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ ဆုရရင်သွေးငယ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ
ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး ရင်သွေးငယ်များအား
ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မူလတန်းကြိုကျောင်းပေါင်းစုံမှ ရင်သွေးငယ်လေးများက
အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments