ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး

 



‌နောင်ချို  ဒီဇင်ဘာ  ၂၂

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ကျောက်မဲခရိုင်  နောင်ချိုမြို့  မြို့နယ်စည်ပင်ခန်းမ၌ နောင်ချို မြို့နယ်စီမံခန့်ခွဲရေးနှင့်   အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များ၊   ရပ်ကွက်/  ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နောင်ချိုမြို့နယ်  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ နှင့်တွေ့ဆုံပြီး  ၂၀၂၅  ခုနှစ်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကျောက်မဲခရိုင် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ နောင်ချိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး၊‌ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးတို့က မြို့နယ်အလိုက် ဆောင်ရွက်ထားရှိမှုအပေါ် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် နောင်ချို မြို့နယ် ဘူတာရပ်ကွက်နှင့် တောင်ရပ်ကွက်တို့တွင် ကြိုတင်ဆန္ဒမဲပေးနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.