မိတ္ထီလာတက္ကသိုလ်၌ အမျိုးသမီး၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
မိတ္ထီလာ ဒီဇင်ဘာ ၂၂
မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊
အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက
အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ဖြစ်သော
အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲကိုကျင်းပရာ ရူပဗေဒအသင်းက ပထဝီဝင်အသင်းကို နှစ်ပွဲပြတ်ဖြင့်
အနိုင်ရရှိသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံးကစားသမားဆု
ရရှိသူများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုရရှိသူများ၊ အမျိုးသမီးဘော်လီဘော
ပြိုင်ပွဲတွင် ပထမဆုရ ဓာတုဗေဒအသင်း၊ ဒုတိယဆုရ အရှေ့တိုင်းပညာအသင်း၊ တတိယဆုရ ရူပဗေဒအသင်း၊
အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ပထမဆုရ ရူပဗေဒအသင်း၊ ဒုတိယဆုရ ပထဝီဝင်အသင်း၊ တတိယဆုရသင်္ချာအသင်းတို့အား
သက်ဆိုင်ရာဆုများနှင့် တံခွန်စိုက်ဒိုင်းဆုများကို ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာနေအောင်၊
ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်းနှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
ချမ်းသာ (မိတ္ထီလာ)

No comments