နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးအတွက် လိုအပ်သည့် လယ်ထွန်စက်များနှင့် စက်ကိရိယာများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်
စက်ပစ္စည်းများ
အရည်အသွေးပြည့်မီစေရေးအတွက် စနစ်တကျသုတေသနပြု ထုတ်လုပ်
နေပြည်တော်
ဇန်နဝါရီ ၈
နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး
ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တောင်ပိုင်းတိုင်း
စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး
ဆင်တဲနှင့်ထုံးဘိုတို့ရှိ နယ်မြေခံ တပ်မတော်အကြီးစားစက်ရုံများ၌ လယ်ယာသုံးစက်
ကိရိယာများ၊ မော်တော်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု
စစ်ဆေးသည်။
ဦးစွာ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် တပ်မတော် အကြီးစားစက်ရုံ (ဆင်တဲ) သို့ ရောက်ရှိကြပြီး
စက်ရုံမှထုတ်လုပ်ထားရှိသည့် လက်ဆွဲကောက်စိုက်စက် နှင့် Manual Drum
Seeder များကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်
ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက်
စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊
ရည်မှန်းချက်တာဝန်များ၊ စက်ရုံမှ လယ်ယာသုံးစက်ပစ္စည်းများနှင့် ထုတ်လုပ်လျက်ရှိ
မှု၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့်
စက်ကိရိယာများ၊ လက်သုံးကိရိယာများ ထုတ်လုပ်မှု၊ လယ်ယာသုံးစက်ကိရိယာများ
ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် ဆောင်ရွက်သည့်
နိုင်ငံဖြစ်သဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးအတွက်
လိုအပ်သည့် လယ်ထွန်စက်များနှင့် စက်ကိရိယာများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး
ဆောင်ရွက် သွားရန်လိုကြောင်း၊ စက်ရုံ၏ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သော
ကျွမ်းကျင်လုပ်သားများ ရရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထုတ်လုပ်လိုက်သည့်
စက်ပစ္စည်းများအရည်အသွေး ပြည့်မီစေရေးအတွက် စနစ်တကျ သုတေသနပြု
ထုတ်လုပ်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ၏ စားသောက်နေထိုင်ရေးနှင့်
သက်သာချောင်ချိရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့
လုပ်ငန်းခွင်ကျွမ်းကျင်မှုအလိုက် ချီးမြှင့်မှုများကိုလည်း ဆောင်ရွက်ပေးသွားရန်
လိုကြောင်း၊ စားရေးကို အထောက်အကူဖြစ်စေသည့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း
ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းမိသားစုဝင် သားသမီးများ၏ ပညာရည်မြင့်မားရေးကို
လည်း ဆောင်ရွက်ပေးသွားရန် လိုကြောင်းနှင့် အခြားလိုအပ် သည်များကို
လမ်းညွှန်မှာကြားသည်။
ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း အလုပ်ရုံများအားလှည့်လည်၍
လက်ဆွဲကောက်စိုက် စက်၊ Manual Drum Seederများနှင့်
ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ သံရည်ကြို အလုပ်ရုံအတွင်း စက်ပစ္စည်း
အစိတ်အပိုင်းများ သွန်းလောင်းထုတ်လုပ်နေမှု၊ သံဂဟေချောင်းအလုပ်ရုံအတွင်း
သံဂဟေချောင်းများ အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ဆက်လက်၍
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ
စက်ရုံမှူးက လက်ခံရယူသည်။
ညနေပိုင်းတွင်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို)သို့ ရောက်ရှိကြရာ စက်ရုံ အစည်းအဝေးခန်းမတွင်
စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊
ရည်မှန်းချက်တာဝန်များ၊ ထုတ်လုပ်နိုင်မှုစွမ်းရည်များနှင့်
တစ်နှစ်ထုတ်လုပ်နိုင်မှု အခြေအနေများ၊ လမ်းညွှန်မှာကြားချက်များကို
လိုက်နာဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မော်တော်ယာဉ်များအား ထုတ်လုပ်လျက်ရှိမှု၊
သုတေသနပြုဆောင်ရွက်လျက်ရှိမှုနှင့် စမ်းသပ်မောင်းနှင်ခြင်းများ ဆောင်ရွက် ပြီးစီးပါက
တပ်မတော်နှင့် ဌာနဆိုင်ရာများသို့ ထုတ်ပေးလျက်ရှိမှုတို့နှင့် ဆက်လက်
ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများ
အပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က
မော်တော်ယာဉ်များအား ထုတ်လုပ်ရာတွင် အစိတ်အပိုင်းများ အားလုံးကို
မိမိတို့ကိုယ်တိုင် ထုတ်လုပ်အသုံးပြုနိုင်ရန်လိုပြီး အစိတ်အပိုင်းများ
ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊
ထုတ်လုပ်ပြီး စက်ပစ္စည်း အစိတ်အပိုင်းများအား တစ်ခုချင်းစီအလိုက် အရည်အသွေး
စမ်းသပ်ခြင်းများ ဆောင်ရွက်ပြီးမှသာ တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်ရန်နှင့်
မော်တော်ယာဉ် အရည်အသွေး စစ်ဆေးခြင်း၊ စမ်းသပ် မောင်းနှင်ခြင်းများကိုလည်း
စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ အရေအတွက် ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့်
အရည်အသွေး ပိုမိုကောင်းမွန်လာရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုကြောင်း
နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ အလုပ်ရုံများအတွင်း
မော်တော်ယာဉ်များ ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထုတ်လုပ်ပြီး
မော်တော်ယာဉ်များ အားစစ်ဆေး စမ်းသပ်နေမှုနှင့် ထုတ်လုပ်ထားရှိသည့်
မော်တော်ယာဉ်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က
စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူခဲ့ ကြောင်း
သိရသည်။
သတင်းစဉ်
No comments