မတ္တရာမြို့နယ်၌ မဲရုံနှင့်မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
မတ္တရာ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည်
တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်
မတ္တရာမြို့နယ်၌ မဲရုံနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ လင်းမွေချောင်းကျေးရွာ၊ ထီးတော်မိုးကျေးရွာနှင့်
တောင်ပြုံးကျေးရွာများ၌ မဲရုံနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး
ထီးတော်မိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်
တွေ့ဆုံ၍ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ
ကျင်းပနိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးနှင့်စပ်လျဉ်း၍
အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့်
တာဝန်ရှိသူများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများကို
ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments