မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်း ညှိနှိုင်းစည်းဝေး

 


မိုင်းပန် ဇန်နဝါရီ ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အမှာစကားပြောကြားပြီး မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်းက ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့်သူများက သိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.