ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Establishment of Artificial Intelligence (AI) Laboratory at Yangon Technological University စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပ

 



နေပြည်တော် ဇန်နဝါရီ ၂၉

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုဖြင့် သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် Establishment of Artificial Intelligence (AI) Laboratory at Yangon Technological University စီမံကိန်း ပြီးမြောက်ခြင်း အခမ်းအနားကို ရန်ကုန် နည်းပညာတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် Pre - Al Impact Summit Event Documentary ပြသခြင်း ရန်ကုန်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်(တာဝန်)က Establishment of Artificial Intelligence (AI) Laboratory at Yangon Technological University စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ Establishment of Artificial Intelligence (AI) Laboratory at YangonTechnological University စီမံကိန်းမှ မှတ်တမ်းဗွီဒီယို ပြသခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် India Al Impact Summit 2026 နှင့်စပ်လျဉ်း၍ အကြိုဆောင်ရွက်မှုများကို Polytechnic University (ကျိုင်းတုံ) ပါမောက္ခချုပ်က ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Artificial Intelligence (AI) Laboratory ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံမှ India Al Impact Summit 2026၏ အကြို Pre-Summit Event Meeting များ အလိုက် ပါဝင်ဆောင်ရွက်ထားရှိမှုများ၊ မြန်မာနိုင်ငံမှ India Al Impact Summit 2026 တွင် Working Group များအလိုက် ပါဝင်တက်ရောက်ဆွေးနွေးနိုင်မည့် Delegatesများနှင့် ပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍများကို ဆွေးနွေးကြသည်။

ယင်းနောက် Establishment of Artificial Intelligence (AI) Laboratory at Yangon Technological University စီမံကိန်း၌ ပါဝင်သည့် Capacity Building Training အတွက် ရန်ကုန် နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်(တာဝန်)က SR University ၏ ပါမောက္ခနှင့်မိတ်ဆက်ခြင်းနှင့် AI Training အကြောင်း ရှင်းလင်းခြင်း၊ SR University မှ ပါမောက္ခ Nitin M Gupta က ဉာဏ်ရည်တုနည်းပညာ ဆိုင်ရာ Capacity Building အကြောင်းဆွေးနွေးပို့ချ ခြင်းတို့ကို ဆောင်ရွက်ကြသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ UMFCCIမှ တာဝန်ရှိသူများ၊ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ AI Policy နှင့် AI Strategy ရေးဆွဲရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။     

သတင်းစဉ်

No comments

Powered by Blogger.