ဘားအံမြို့၌ အစားအသောက်များ ရောင်းချမှုစစ်ဆေး
ဘားအံ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်ကာ
ဘားအံမြို့ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ဖေဖော်ဝါရီ
၃ ရက်တွင် ဘားအံမြို့ ကမ်းနားမုန့်ဈေးတန်းရှိ အစားအသောက်ရောင်းချသည့်ဆိုင်များကို ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှင့်
အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘားအံမြို့
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယာယီတာဝန်ခံ ဒေါ်မေသူနွယ်၊ ဦးစီးအရာရှိ
ဒေါ်ဖြိုးဖြိုးပြည့်စုံနှင့် အစားအသောက်နှင့်ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးကော်မတီဝင်များက
ကမ်းနားလမ်းမုန့်ဈေးတန်း၌ အစားအသောက်ရောင်းချသည့် ဆိုင်များရှိ အစားအသောက်နမူနာ ၁၅
မျိုးကို ကျပန်းကောက်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ်ပေါ်တွင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်မှုရှိ/မရှိ
Rapid Test Kid ဖြင့် ဓာတ်ခွဲစစ်ဆေးသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments