သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး အိုးအိမ်များပြင်ဆင်ဆောင်ရွက်ပေး

 


ကျိုက်မရော ဖေဖော်ဝါရီ ၈

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာအတွင်းရှိ ကြံ့ခိုင်မှုမရှိသောနေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး ပြင်ဆင်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ပိန်းနဲကုန်းကျေးရွာရှိ ကြံ့ခိုင်မှုမရှိသော နေအိမ်များအား ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံစသည့် မြို့နယ်လေးမြို့နယ်မှ ရပ်ကွက် ကိုးခု၊ ကျေးရွာ ခုနစ်ရွာမှ သတ်မှတ်ချက်နှင့်ကိုက်ညီသော အိမ်ခြေ ၁၆၀၀ ကျော်အား လေပြင်းဒဏ်ခံနိုင်စေရန် အိုးအိမ်များအားဖြည့်ပြင်ဆင်ခြင်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်း ငွေကျပ်သိန်း ၁၇၀၀ ကျော်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော(ပြန်/ဆက်)

No comments

Powered by Blogger.