မိုင်းယောင်းမြို့၌ ကျေးလက် လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 


မိုင်းယောင်း ဖေဖော်ဝါရီ ၈

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ စစ်ဆေးရေး အရာရှိချုပ် ဦးဇော်မျိုးထွေး၊ ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၄ ဒသမ ၃၂၅ သန်းဖြင့် ခန့်စည်ဖြိုးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သည့် ကျောက်လမ်းအရှည် (၀/၄)မိုင်၊ အကျယ် ၁၆ ပေ၊ ဒု ခြောက် လက်မရှိ ဝမ်ကောင်း-ဒွန်းကျိုင်း-ဝမ်ယွတ်- ဝမ်တုန်လမ်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ရန်ပုံ ငွေကျပ်သန်း ၉၈ ဒသမ ၆၉၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အရှည်ပေ ၃၀ ၊ အကျယ် ပေ ၂ဝ ရှိ ဝမ်ခိုကဲ-ဟောင်ကျန့်-ဝမ်ကောင်း - ဝမ်တောင်းလမ်းပေါ်ရှိ ပေ ၃၀ ကွန်ကရစ်တံတား တည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းနှင့် ပြည်ထောင်စုအထွေထွေပိုလျှံ GRF ရန်ပုံငွေကျပ် ၁၉၅ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဝမ်တပ်-နမ့်နော် အပေါ်လမ်းမြေသားချဲ့၍ ကျောက်ရောမြေ ဖြန့်ခင်းခြင်း(၂/၀)မိုင်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇင်မာ

No comments

Powered by Blogger.