မကွေးမြို့နယ်သမဝါယမအသင်းစု အစည်းအဝေးကျင်းပ
မကွေး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သမဝါယမအသင်းစုလီမိတက်၏
(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်က မြို့နယ်သမဝါယမ
အသင်းစုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန
တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်
မကွေးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်
အမှုဆောင်အဖွဲ့ အတွင်းရေးမှူးက လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင်က
စာရင်းစစ်အဖွဲ့ အစီရင်ခံစာကို ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်
ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသည့် အသင်းသားမိသားစုဝင် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့်
အသင်းဝင်အသင်းများသို့ အစုပေါ်အမြတ် ၈၉ ဒသမ ၇၆၀၉၂ သိန်း ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments