လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မီးဘေးကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

 



လှိုင်သာယာ ​ဖေဖော်ဝါရီ ၈

လှိုင်သာယာ( အနောက်ပိုင်း)မြို့နယ်အတွင်းမီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့က ဖေဖော်ဝါရီ ၇ ရက်က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ကုလားကြီးစု ​ကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ် စစ်ဆေးဆောင်ရွက်ခြင်းကို ​မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရန်နိုင်ဖြိုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာအနီးရှိ ထိန်ပင်အမှိုက်ပုံတာဝန်ရှိသူများ၏ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကာ မီးငြှိမ်းသတ်ယာဉ်များ အသင့်ဆောင်ရွက်ထား ရှိမှုနှင့် မီးဘေးအန္တရာယ်ဖြစ်လာပါက ရေရရှိရေး ကြိုတင်စီစဉ်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.