အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ တိုးမြှင့်ရန် စီစဉ်



ဝါရှင်တန် ဖေဖော်ဝါရီ ၁၂

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့်ဘဏ္ဍာနှစ်အတွက် နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ တိုးမြှင့်ရန် အကြံပြုထားကြောင်းသိရသည်။

 

၂၀၂၇ ခုနှစ်အတွက် အမေရိကန်တပ်မတော်၏ ဘတ်ဂျက်သည် တစ်ထရီလီယံဒေါ်လာ သို့မဟုတ် ၁ ဒသမ ၅ ထရီလီယံဒေါ်လာဖြစ်သင့်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏အင်တာနက်စာမျက်နှာတွင် ရေးသားခဲ့သည်။ လွှတ်တော်အမတ်များက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

စက်တင်ဘာလတွင်ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်သည် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၉၀၀ ဘီလီယံခန့်ရှိပြီး ယင်းပမာဏမှာ အမေရိကန်သမိုင်းတွင် အများပြားဆုံး ဖြစ်သည်။

 

အခွန်ကောက်ခံမှုမှ ငွေပမာဏ အများအပြားမရရှိပါက ကာကွယ်ရေးအသုံးစရိတ်ကို တစ်ထရီလီယံ ဒေါ်လာခန့်သာထားရှိမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ အဆိုပါ ပြောကြားချက်သည် အခွန်အကောက်အစီအမံများမှ ဘဏ္ဍာငွေများကို ကာကွယ်ရေး အသုံးစရိတ်အတွက် အသုံးပြုရန် ရည်မှန်းထားကြောင်း သမ္မတဒေါ်နယ်ထရမ့်၏ ရည်ရွယ်ချက်ကို ပေါ်လွင်စေသည်။ ကာကွယ်ရေးအသုံးစရိတ်အပါအဝင် ဘတ်ဂျက်အဆိုပြုချက်ကို အသေးစိတ် ရေးဆွဲရေးလုပ်ငန်းစဉ်အပြီးတွင် ကွန်ဂရက်သို့ တင်သွင်းမည်ဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.