ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်(တောင်ကြီး)နှင့် ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး)တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၇

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) ၌ နည်းပညာတက္ကသိုလ် (တောင်ကြီး) နှင့် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာန မှူးများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်နေရသော တက္ကသိုလ်များဖြစ်သောကြောင့် ဒေသအကျိုးပြု သုတေသနများ ဆောင်ရွက်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် အရည်အချင်းပြည့်ဝသော နိုင်ငံတော်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နည်းပညာ တက္ကသိုလ် (တောင်ကြီး)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments

Powered by Blogger.