အီရန်နျူကလီးယားနှင့်ပတ်သက်၍ အမေရိကန်-အီရန်ဆွေးနွေးပွဲ တိုးတက်ကောင်းမွန်ကြောင်း အမေရိကန်သမ္မတ ထရမ့်ပြောကြား



ဝါရှင်တန်  ဖေဖော်ဝါရီ ၇

 

တီဟီရန် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍  အမေရိကန်နှင့် အီရန်တို့ကြား အဆင့်မြင့် အရာရှိကြီးများအဆင့် ဆွေးနွေးပွဲသည် တိုးတက်ကောင်းမွန်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ လာမည့်သီတင်းပတ်တွင်လည်း နှစ်နိုင်ငံမှ ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံသွားမည်ဟု  ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

အမေရိကန်အထူးသံတမန် စတိဗ်ဝတ်ကော့ဖ်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ဂ်ချီတို့သည် အိုမန်နိုင်ငံ မက်စကက်မြို့၌ ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

 

ဇွန်လအတွင်းက အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက်  စေ့စပ်ညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ရသည်။  ဆွေးနွေးပွဲသည် ကောင်းမွန်သည့် စတင်ခြင်းကို အစပြုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။ 

 

အီရန်နှင့် အမေရိကန်မှ ကိုယ်စားလှယ်များသည် လာမည့်သီတင်းပတ် အစောပိုင်းတွင်  ထပ်မံတွေ့ဆုံသွားမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဖလော်ရီဒါသို့သွားစဉ် လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။  

 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.