တောင်အာဖရိကနိုင်ငံက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ခွာနာလျှာနာကာကွယ်ဆေး ပြည်တွင်း၌ ထုတ်လုပ်နိုင်
ဂျိုဟန်နက်စ်ဘာ့ဂျ် ဖေဖော်ဝါရီ ၇
တောင်အာဖရိကနိုင်ငံသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်
ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ခွာနာလျှာနာရောဂါ ကာကွယ်ဆေးကို ပြသခဲ့ကြောင်း နိုင်ငံ၏စိုက်ပျိုးရေးဌာနက ဖေဖော်ဝါရီ ၆
ရက်တွင် ပြောသည်။
စိုက်ပျိုးရေးဝန်ကြီး
ဂျွန်စတင်ဟုဆန်နှင့် စိုက်ပျိုးရေးသုတေသနကောင်စီ (အေအာစီ) တို့ပူးပေါင်း၍
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ဆေးကိုကနဦးတွင် အလုံးရေ ၁၂၉၀၀ ထုတ်လုပ်ပြီးနောက်ပိုင်းတွင်အပတ်စဉ်
၂၀၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း
ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ
မွေးမြူရေးခြံများသို့ ကာကွယ်ဆေးဖြန့်ဖြူးရန် ပြင်ဆင်နေကြောင်း စိုက်ပျိုးရေး သုတေသနကောင်စီက
ပြောသည်။ ခွာနာလျှာနာရောဂါသည် အဓိကအားဖြင့် နွား၊ ဝက်၊ သိုး၊ ဆိတ် စသည့် ခွာရှိသည့် တိရစ္ဆာန်များကို ထိခိုက်စေသည်။
ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ပါးစပ်အတွင်း အနာများဖြစ်ခြင်း၊ ခြေထောက်၊ လက်နှင့်
တင်ပါးတို့တွင် အရည်ကြည်ဖုကဲ့သို့ အဖုများ ထွက်ခြင်းတို့ဖြစ်သည်။
ဆင်ဟွာ
No comments