အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ အီရန် နျူကလီးယားအရေး ဆွေးနွေး
ဝါရှင်တန်
ဖေဖော်ဝါရီ ၁၂
အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ အီရန်နျူကလီးယား
အရေးနှင့်ပတ်သက်ပြီး အိမ်ဖြူတော်၌ ဆွေးနွေးခဲ့သည်။
အမေရိကန်နှင့်
အီရန်တို့အကြား နျူကလီးယား သဘောတူညီချက်ရရှိရန် အမေရိကန်၏ ကြိုးပမ်းမှုများကို
အလေးပေး ဆွေးနွေးခဲ့ကြသည်။ အပြုသဘောဆောင်သော အစည်းအဝေး တစ်ရပ်ဖြစ်ကြောင်း ထရမ့်က
ပြောကြားသည်။
ပြီးခဲ့သည့်
သီတင်းပတ်က အိုမန်နိုင်ငံ၌ အမေရိကန်နှင့် အီရန်အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးမှု
ပြီးနောက် ယခုတံခါးပိတ် ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသည်
ထရမ့်၏ ဒုတိယသက်တမ်းအတွင်း ခေါင်းဆောင်နှစ်ဦးကြား သတ္တမအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း
အစ္စရေး မီဒီယာက ပြောကြားသည်။
နျူကလီယားသဘောတူညီချက်ကို
အကောင်အထည်ဖော်နိုင်ရန် အီရန်၏စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်ရန်
လိုအပ်ကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်ပေါ်တွင်ရေးသားခဲ့သည်။ ထို့ပြင်
စေ့စပ်ညှိနှိုင်းမှု အောင်မြင်ခြင်းမရှိပါက တီဟီရန်ကို စစ်ရေးအရ အရေးယူမည် ဖြစ်ကြောင်းလည်း
ထရမ့်က ပြောကြားသည်။
နေတန်ယာဟုသည်
အီရန်၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်အပေါ် ကန့်သတ်ချက်များနှင့် ဒေသတွင်း
ထောက်ခံအားပေးမှုကို အဆုံးသတ်ရန် တွန်းအားပေးခဲ့သည်။
အီရန်သမ္မတ
ပါဇက်ကီရန်က အစ္စလာမ်မစ်တော်လှန်ရေး (၄၇) နှစ်မြောက် အခမ်းအနားသို့
တက်ရောက်ခဲ့သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို တောင်းဆိုပြီး ပြည်သူများ၏အသံကို
နားထောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
၎င်းတို့အနေဖြင့်
နျူကလီးယားလက်နက်ကို ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ကြောင်းနှင့် မည်သည့်
သဘောတူညီချက်ကိုမဆို လက်ခံရန် အဆင်သင့်ဖြစ်နေကြောင်းလည်း ပြောကြားခဲ့သည်။
ကိုးကား -
အင်န်အိတ်ချ်ကေ
ဘာသာပြန် -
အောင်ကျော်ကျော်
No comments