မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေးနှင့် နွေစပါး၊ နွေသီးနှံမျိုးစေ့များနှင့် သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကျင်းပ

 


မန္တလေး ဖေဖော်ဝါရီ ၅

 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်းပြည်နယ် ချန်ဒူးမြို့ရှိ တရုတ်အနောက်တောင်ပိုင်း ဗိသုကာဒီဇိုင်းနှင့် သုတေသနဌာနကုမ္ပဏီ၏ အထွေထွေ မန်နေဂျာချုပ် Mr.Wu Ming ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပျက်စီးဆုံးရှုံးခဲ့မှု၊ ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် ကော်မတီတွဲဖက်အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments

Powered by Blogger.